Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ လေးကောင်ဂျင် လောင်းကစားပြုလုပ်သူများအား ဖမ်းဆီး အရေးယူ

        ၂၀၂၅ ခုနှစ်၊ မေ ၁၁ ရက်က မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ လေးကောင်ဂျင် လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ မေ ၁၁ ရက်နေ ညနေ ၅ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ တမာကုန်းကျေးရွာနေ ကျော်ကျော်(၄၂)နှစ်၏ နေအိမ်၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ဝမ်းတွင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက  သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရှာဖွေခဲ့ရာ ကျော်ကျော်ပါ အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၉ ဦးတို့အား လေးကောင်ဂျင် လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဂျင်သီး သုံးလုံး၊ ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ ၇၉၆,၅၀၀ ကျပ် တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ကျော်ကျော်ပါ ၂၈ ဦးအား ဝမ်းတွင်းမြို့မရဲစခန်း (ပ)၄၃/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ လေးကောင်ဂျင် လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။