Language: Myanmar English

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးအရေးယူ

     ၂၀၂၅ ခုနှစ်၊ မေ ၁၁ ရက်က မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
    ဖြစ်စဉ်မှာ မေ ၁၁ ရက် ညနေ ၄ နာရီတွင် မကွေးတိုင်းဒေသကြီး၊ သရက်မြို့အနောက်ဘက် မြို့ဝင်/ထွက်စစ်ဆေးရေးဂိတ်၌ သရက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် သရက်မြို့တွင်းမှ မြို့ပြင်သို့ သရက်မြို့နေ ဇင်ကိုအောင်(၂၄)နှစ် မောင်းနှင်လာသည့် YGN-10/5K-XXXX TOYOTA MARK II အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ မော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ် ဖြစ်ကြောင်း သိရှိရသဖြင့် ဇင်ကိုအောင် အား သရက်မြို့မရဲစခန်း (ပ)၂၅/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။