၂၀၂၅ ခုနှစ်၊ မေ ၁၂ ရက်က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၂ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ဒိုက်ဦးမြို့၊ ဝါဆိုရပ်ကွက်၊ ဖအောင်ဝဲလမ်းဆုံတွင် ဒိုက်ဦးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ဖအောင်ဝဲလမ်းမှ ကန်တော်မင်္ဂလာလမ်းသို့ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ (၈)ရပ်ကွက်နေ မျိုးသန့်ဇင်(၂၆)နှစ် မောင်းနှင်လာသည့် YGN-7/5K-XXXX HONDA FIT အမျိုးအစား ခဲဖြူရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ အဆိုပါမော်တော်ယာဉ်နှင့်ပတ်သက်၍ အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် မျိုးသန့်ဇင် အား ဒိုက်ဦးမြို့မရဲစခန်း (ပ)၄၇/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး
ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။