၂၀၂၅ ခုနှစ်၊ မေ ၁၂ ရက်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဓားဦးချွန်ကိုင်ဆောင်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၂ ရက် ညနေ ၅ နာရီ ၅၀ မိနစ်တွင် အမရပူရမြို့နယ်၊ မြစ်ငယ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်းလှည့်ကင်းဆောင်ရွက်နေစဉ် နတ်ရေကန်ကျေးရွာ၊ စွယ်တော်တိုက်တန်းအရောက်၌ မသင်္ကာဖွယ်တွေ့ရှိသူ အဆိုပါကျေးရွာနေ ထွန်းရာဇာ(ခ)ရာဇာ(၃၄)နှစ်အား စစ်ဆေးခဲ့ရာ ၎င်းထံမှ အရိုး/အသွား ၂၉ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ထွန်းရာဇာ(ခ)ရာဇာ အား မြစ်ငယ်နယ်မြေရဲစခန်း (ပ)၅၂/ ၂၀၂၅၊ လက်နက်ဥပဒေပုဒ်မ ၂၃(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဓားဦးချွန်ကိုင်ဆောင်သူ အမျိုးသား
တစ်ဦးအား ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။