၂၀၂၅ ခုနှစ်၊ မေ ၁၂ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၌ ယာဉ်တိုက်မှု ဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံးပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦးတို့ ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၂ ရက် နံနက် ၁ နာရီ ၃၀ မိနစ်တွင် သန်လျင်မြို့နယ်၊ ခြောက်လမ်းသွား လမ်းပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၅၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလမ်းအတိုင်း တောင်မှ မြောက်သို့ ဘုရားကုန်းကျေးရွာနေ သက်အောင်(ခ)စူပါလင်း(၄၁)နှစ် မောင်းနှင်လာသည့် MDY-16/3N-XXXX HYUNDAI STAREX မော်တော်ယာဉ်သည် မိုးကောင်းဘုရားအနီးအရောက်၌ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိပြီး မျက်နှာချင်းဆိုင်မှ ညောင်သုံးပင်ကျေးရွာနေ ကိုကို(၃၁)နှစ် မောင်းနှင်ပြီး မရခိုင်မပါ အမျိုးသမီး သုံးဦး လိုက်ပါလာသည့် ဘေးတွဲဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် မရခိုင်မတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ကိုကိုနှင့် အမျိုးသမီး နှစ်ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် သက်အောင်(ခ)စူပါလင်း အား သန်လျင်မြို့မရဲစခန်း ယာဉ်(ပ)၁၆/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံးပြီး
အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦးတို့ ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။