Language: Myanmar English

ရှမ်းပြည်နယ်၊ ကလောမြို့နယ်၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ

     ၂၀၂၅ ခုနှစ်၊ မေ ၁၂ ရက်က ရှမ်းပြည်နယ်၊ ကလောမြို့နယ်၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
     ဖြစ်စဉ်မှာ မေ ၁၂ ရက် ညနေ ၄ နာရီတွင် ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ရွာငံစု ရပ်ကွက်နေ ရဲလွင်ထွေး(ခ)ကိုတိုး(၄၀)နှစ်၏ နေအိမ်၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ အောင်ပန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအားနေအိမ်၌တွေ့ရှိရပြီး ၎င်းရှေ့ရှိသစ်သားစားပွဲဝိုင်းပေါ်တွင် နှစ်လုံး/ သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ရဲလွင်ထွေး(ခ)ကိုတိုး အား အောင်ပန်းနယ်မြေရဲစခန်း (ပ)၆၈/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/ ၁၉(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ ကလောမြို့နယ်၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား 
သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးအရေးယူထားမှု မှတ်တမ်းဓာတ်ပုံ။