Language: Myanmar English

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၌ ငွေကျပ် ၄,၈၇၈ ဒသမ ၇၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ မေ ၉ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ နန့်စီးအောင် ကျေးရွာအနီး၌ ဟိန်းမျိုးမင်း(ခ)ကိုမျိုး မောင်းနှင်ပြီး အာကာ လိုက်ပါလာသည့်  SUPER CUSTOM အမျိူးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၁၃ ဒသမ ၅၆၃ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၂၅၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၃,၃၉၀ ဒသမ ၇၅ သိန်း)နှင့် စိတ်ပြောင်းဆေးဝါး Happy Water ၁ ဒသမ ၂၄ ကီလို(တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁,၂၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၁,၄၈၈ သိန်း)တို့အား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၄ နာရီ ၃၀ မိနစ်တွင် အဆိုပါမူးယစ်ဆေးဝါးများ လက်ခံမည့်သူ ဇော်လတ်(ခ)အားနိုက်နှင့် ဘရန်ဆန်အောင်တို့အား မိုးညှင်းမြို့အဝင် မိုးညှင်း-မြစ်ကြီးနားသွားကားလမ်းတွင် ဆိုင်ကယ် တစ်စီး နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ဟိန်းမျိုးမင်း(ခ)ကိုမျိုး(၃၁)နှစ်၊ အာကာ(၂၄)နှစ်၊ ဇော်လတ်(ခ) အားနိုက်(၃၀)နှစ်နှင့် ဘရန်ဆန်အောင်(၂၀)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်။