၂၀၂၅ ခုနှစ်၊ မေ ၉ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်တွင် သန်းဆွေ(ခ)အညာသား မောင်းနှင်ပြီး ချစ်ကိုကိုအောင်(ခ)ချစ်ကိုနှင့် ဟန်ကိုနိုင်တို့ လိုက်ပါလာသည့် PROBOX မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅၄၀,၀၀၀ ပြား(တစ်ပြားလျှင် ငွေကျပ် ၁,၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် သိန်း ၅,၄၀၀)သိမ်းဆည်းရမိခဲ့သဖြင့် ချစ်ကိုကိုအောင်(ခ)ချစ်ကို(၃၄)နှစ်၊ သန်းဆွေ(ခ)အညာသား (၅၃)နှစ်နှင့် ဟန်ကိုနိုင်(၃၁)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။