၂၀၂၅ ခုနှစ်၊ မေ ၁၁ ရက် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်ရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်း လာရောက်ထုတ်ယူသူ မသဲဖြူ(ခ)သူသူနှင့် အောင်ကိုဟိန်း(ခ)AK တို့အား စစ်ဆေးရှာဖွေရာ ၎င်းတို့ထုတ်ယူသည့် စက္ကူဂျပ်ဖာပုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၁,၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် သိန်း ၃၀၀) သိမ်းဆည်းရမိခဲ့သဖြင့် မသဲဖြူ(ခ)သူသူ(၃၅)နှစ်နှင့် အောင်ကိုဟိန်း(ခ)AK(၂၆)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။