၂၀၂၅ ခုနှစ် မေ ၁၁ ရက် နံနက် ၈ နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ နားခံကျေးရွာအုပ်စု၊ ဝမ်ယေးကျေးရွာ စက်တော်ရေထွက်ဦးနေရာတွင် နှစ်စဉ်ကျင်းပသော ရိုးရာဓလေ့အရ စိုက်ပျိုးသီးနှံများနှင့် ဆန်ရေစပါး ပေါကြွယ်ဝစေရေးအတွက် သံဃာတော်အရှင်သူမြတ်တို့မှ ဦးဆောင်၍ တောင်သူလယ်သမားများစုပေါင်းပြီး မိုးခေါ်ဆုတောင်းပွဲကျင်းပခြင်းနှင့် မိုးနဲမြို့နယ်၊ လွယ်ပြေရပ်ကွက်၊ မဟာရန်အောင်အုဋ်ကျောင်းတိုက်အတွင်းရှိ ဗောဓိညောင်ပင်အား စုပေါင်းညောင်ရေသွန်းပွဲ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်သံဃာ့နာယကအဖွဲ့ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု ဝတ်ရွတ်အသင်းများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နားခံကျေးရွာအုပ်စု၊ ဝမ်ယေးကျေးရွာ၌
မိုးခေါ်ဆုတောင်းပွဲနှင့် ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။