၂၀၂၅ ခုနှစ် မေ ၁၁ ရက် နံနက် ၆ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဆံတော်ရှင်ကျိုက်ထီးရိုးတောင်တော်ရှိ ဆုတောင်းပြည့်ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီးအား ပြန်လည်ပြုပြင်မွမ်းမံခြင်းနှင့် ရွှေထီးတော်အသစ်တင်လှူပူဇော်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဂေါပကအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဆံတော်ရှင်ကျိုက်ထီးရိုးတောင်တော်ရှိ ဆုတောင်းပြည့်
ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီးအား ပြန်လည်ပြုပြင်မွမ်းမံခြင်းနှင့် ရွှေထီးတော်
အသစ်တင်လှူပူဇော်ပွဲအခမ်းအနား ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။