Language: Myanmar English

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့၊ ကွန်နားကျေးရွာအုပ်စု၊ ကုန်းကျောင်းကျေးရွာ၊ မွေတော်ဘုန်းတော်ကြီးကျောင်း၌ စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ပြည်သူ့ဝန်ဆောင်မှုပေးခြင်းနှင့် ပတ်သက်၍ တွေ့ဆုံပွဲအခမ်းအနား ကျင်းပ

    ၂၀၂၅ ခုနှစ်၊ မေ ၁၃ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်သည် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ မိုးနဲမြို့၊ ကွန်နားကျေးရွာအုပ်စု၊ ကုန်းကျောင်းကျေးရွာ၊ မွေတော်ဘုန်းတော်ကြီးကျောင်း၌  စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ပြည်သူများ နှင့်တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးခြင်းနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့၊ ကွန်နားကျေးရွာအုပ်စု၊ ကုန်းကျောင်းကျေးရွာ၊ မွေတော်ဘုန်းတော်ကြီးကျောင်း၌ စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ပြည်သူ့ဝန်ဆောင်မှုပေးခြင်းနှင့်ပတ်သက်၍ တွေ့ဆုံပွဲအခမ်းအနားကျင်းပမှု မှတ်တမ်းဓာတ်ပုံ။