Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ဒု-စံပြရပ်ကွက်၌ ပဒေသာဆန်ဆိုင်တွင် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/မရှိနှင့် သိုလှောင်သိမ်းဆည်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

    ၂၀၂၅ ခုနှစ်၊ မေ ၁၃ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ဒု-စံပြရပ်ကွက်ရှိ ပဒေသာဆန်ဆိုင်တွင် သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/မရှိနှင့် ဂိုဒေါင်တွင် သိုလှောင်သိမ်းဆည်းထားခြင်း ရှိ/မရှိတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးကျော်၊ စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများ၊ သက်ဆိုင်ရာမြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ဒု-စံပြရပ်ကွက်၌ ပဒေသာဆန်ဆိုင်တွင် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/မရှိနှင့် သိုလှောင်သိမ်းဆည်းထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။