၂၀၂၅ ခုနှစ်၊ မေ ၁၃ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသမီး တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၃ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ငှက်ပျောတောကျေးရွာနေ မဇူမီမီမိုး(ခ)ဇူးဇူး(ခ)ဂျူးဂျူး(၂၅)နှစ်၏နေအိမ်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ လယ်ဝေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ မဇူမီမီမိုး(ခ)ဇူးဇူး(ခ)ဂျူးဂျူးအား နှစ်လုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် မဇူမီမီမိုး(ခ)ဇူးဇူး(ခ)ဂျူးဂျူးအား လယ်ဝေးမြို့မရဲစခန်း (ပ)၈၇/၂၀၂၅၊ လောင်းကစားဥပဒေ ပုဒ်မ ၁၈(က)/၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသမီး တစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။