Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား နှစ်ဦး ဒဏ်ရာရရှိ

         ၂၀၂၅ ခုနှစ်၊ မေ ၁၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ မေ ၁၃ ရက် နံနက် ၅ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊  လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ပီမိုးနင်းလမ်းပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၆၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ အဆိုပါလမ်းအတိုင်း မြောက်မှ တောင်သို့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံစက်မှုဇုန်နေ စည်သူဖြိုး(၂၈)နှစ် မောင်းနှင်လာသည့် YGN-4/1L-XXXX HONDA FIT အပြာရောင်မော်တော်ယာဉ်သည် အဆင့်မြင့်မီးပွိုင့်အရောက်၌ အရှိန်မထိန်းနိုင်ဘဲ အမှတ်(၅)လမ်းအတိုင်း လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (၁၆)ရပ်ကွက်နေ နေလင်းဦး(၃၃)နှစ် မောင်းနှင်ပြီး (၁၃)ရပ်ကွက်နေ ကျော်စွာထွန်း(၃၃)နှစ်နှင့် ထိုက်သူအောင်(၂၆)နှစ်တို့ လိုက်ပါလာသည့် YGN-44/2L-XXXX MITSUBISHI MINICAB အဖြူရောင် မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ကျော်စွာထွန်းနှင့် ထိုက်သူအောင်တို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် စည်သူဖြိုးအား လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းယာဉ် (ပ)၁၆/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား နှစ်ဦး ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။