၂၀၂၅ ခုနှစ်၊ မေ ၁၄ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးထက်သည် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း ဖွင့်လှစ်ထားသော အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ အရောင်းဆိုင်များနှင့် ဆန်ဆိုင်များအား ဈေးနှုန်းအဆမတန်မြှင့်တင် ရောင်းချမှု ရှိ/မရှိနှင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အလားတူ နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်၊ မြောင်းမြလမ်းရှိ “မြင့်မိုရ်ဦး(၃)” အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်နှင့် စက်မှုလမ်းပေါ်ရှိ “ဇော်ဝင်း” အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှု ရှိ/မရှိ နှင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/မရှိတို့ကို မြို့နယ်မြေပြင် ကွင်းဆင်းစစ်ဆေးကြပ်မတ်ရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။


ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင်များနှင့် ဆန်ဆိုင်များအား သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များအား သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။