Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ငွေကျပ် ၄၄ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

    ၂၀၂၅ ခုနှစ်၊ မေ ၁၃ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမ (အနောက်)ရပ်ကွက်နေ ဒေါ်ခင်လေးမြင့်၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်ဧည့်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၄၀၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၁,၀၀၀ နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ်  ၄၄ သိန်း) သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၄ နာရီ ၁၅ မိနစ်တွင်  စိတ်ကြွရူးသွပ်ဆေးပြားများရောင်းချပေးသူ စိုးစိုး(ခ)ရခိုင်အား လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၈)ရပ်ကွက်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ဒေါ်ခင်လေးမြင့်(၅၃)နှစ်နှင့် စိုးစိုး(ခ)ရခိုင်(၄၄)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။