Language: Myanmar English

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၌ ငွေကျပ် သိန်း ၁,၀၅၀ တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိ

    ၂၀၂၅ ခုနှစ်၊ မေ ၁၂ ရက် နံနက် ၉ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ရတနာပုံတံတားအနီးတွင် မင်းမော်ဟိန်း မောင်းနှင်ပြီး သိန်းဇော် လိုက်ပါလာသည့် LIGHT TRUCK အမျိုးအစား အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ရှိ စက္ကူဂျပ်ဖာများ အတွင်းမှ ဘိန်းစိမ်း ၇၀ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၁၅ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် သိန်း ၁,၀၅၀) သိမ်းဆည်းရမိခဲ့သဖြင့် မင်းမော်ဟိန်း(၂၁)နှစ်၊ သိန်းဇော်(၂၉)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
 

ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် ဘိန်းစိမ်းများနှင့်အတူ တွေ့ရစဉ်။