Language: Myanmar English

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၌ နှစ်လုံးထီလောင်းကစားပြုလုပ်သူ အမျိုးသမီး တစ်ဦးအား ဖမ်းဆီးအရေးယူ 

     ၂၀၂၅ ခုနှစ်၊ မေ ၁၄ ရက်က မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၌ နှစ်လုံးထီလောင်းကစားပြုလုပ်သူ အမျိုးသမီး တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
    ဖြစ်စဉ်မှာ မေ ၁၄ ရက် နံနက် ၁၁ နာရီတွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကြူဝန်းကျေးရွာနေ ဒေါ်ပပဝင်း(၄၂)နှစ်၏နေအိမ်၌ နှစ်လုံးထီလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်အောက်သစ်သားစားပွဲတွင် ထိုင်လျက်တွေ့ရှိရပြီး စားပွဲပေါ်တွင် နှစ်လုံးထီလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဒေါ်ပပဝင်းအား စလင်းမြို့မရဲစခန်း (ပ)၁၆/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၌ နှစ်လုံးထီလောင်းကစားပြုလုပ်သူ အမျိုးသမီး တစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။