၂၀၂၅ ခုနှစ်၊ မေ ၁၄ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၄ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် အမှတ်(၁၁၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မုံရွာ)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ သဲအင်းဂူလမ်းထောင့်အနီး၌ ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် ပြည်ထောင်စုလမ်းအတိုင်း တောင်မှ မြောက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ လှည်းတန်းရပ်ကွက်နေ သိန်းဇော်အေး (၄၃)နှစ် မောင်းနှင်လာသော SHN-38/HH-XXXX NISSAN AD Van အမျိုးအစား အဖြူရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါယာဉ်နှင့်ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် သိန်းဇော်အေးအား မုံရွာမြို့မရဲစခန်း (ပ)၉၅/၂၀၂၅ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။