၂၀၂၅ ခုနှစ်၊ မေ ၁၄ ရက်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၄ ရက် မွန်းလွဲ ၂ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၁ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဘောနတ်ကြီးအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၉ မိုင် ၀ ဖာလုံနှင့် ၃၀ မိုင် ၇ ဖာလုံကြား နေသူများဖြစ်ကြသည့် ကျော်စိုး(၅၁)နှစ် မောင်းနှင်ပြီး ဆိုင်ကယ်နောက်တွင် အောင်သူထွန်း(၁၉)နှစ်နှင့် မဆုနန္ဒာ(၁၉)နှစ်တို့ လိုက်ပါလာသော ဆိုင်ကယ်သည် အခင်းဖြစ်နေရာအရောက်၌ တရားမဝင် ဖြတ်လမ်းမှ လမ်းဖြတ်ကူးစဉ် နေပြည်တော်မှ ရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ရွှေပျောက်ကျေးရွာနေ ဦးကျော်မင်းနိုင်(၃၆)နှစ် မောင်းနှင်ပြီး ယာဉ်ပေါ်တွင် တစ်ရွာတည်းနေ ဦးအောင်ကျော်ဦး(၅၉)နှစ် လိုက်ပါလာသည့် NPW-7/5Q-XXXX HYUNDAI H-1 အဖြူရောင် မော်တော်ယာဉ်နှင့် တိုက်မိခဲ့သဖြင့် ကျော်စိုး၊ မဆုနန္ဒာနှင့် အောင်သူထွန်းတို့တွင် ဒဏ်ရာများအသီးသီး ရရှိခဲ့သောကြောင့် ကျော်စိုး အား ဘောနတ်ကြီးအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၆/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။