Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ မင်းဘူးလမ်းရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အတွင်း/အပြင်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှု

     ၂၀၂၅ ခုနှစ်၊ မေ ၁၄ ရက် နံနက် ၇ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ မင်းဘူးလမ်းရှိ အခြေခံပညာအထက်တန်း(ခွဲ) အတွင်း/အပြင်၌ ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ မင်းဘူးလမ်းရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အတွင်း/အပြင်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ။