၂၀၂၅ ခုနှစ်၊ မေ ၁၄ ရက်က မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ ဖဲရိုက်လောင်းကစားပြုလုပ်နေသူ အမျိုးသား လေးဦးနှင့် အမျိုးသမီး သုံးဦးတို့အား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၄ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွမ်တာ ကျေးရွာရှိ “သပြေ”စားသောက်ဆိုင်၊ အခန်းအမှတ်(A-1)၌ ဖဲရိုက်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ရာ အဆိုပါအခန်းအား ငှားရမ်းအသုံးပြုလျက်ရှိသော မုဒုံမြို့၊ မြို့မ(၄)ရပ်ကွက်နေ အောင်ပိုင်ဖြိုး(၂၉)နှစ်ပါ အမျိုးသား လေးဦးနှင့် အမျိုးသမီး သုံးဦးတို့အား ဖဲရိုက်လောင်းကစားပြုလုပ် နေသည်ကို တွေ့ရှိရပြီး ဖဲရိုက်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေကျပ် ၅,၁၄၀,၀၀၀ သိန်းတို့နှင့်အတူ သိမ်းဆည်းဖမ်းဆီးရမိခဲ့သဖြင့် အောင်ပိုင်ဖြိုးပါ ခုနစ်ဦးအား မုဒုံမြို့မရဲစခန်း (ပ)၄၇/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ ဖဲရိုက်လောင်းကစားပြုလုပ်နေသူ အမျိုးသား လေးဦးနှင့် အမျိုးသမီး သုံးဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။