Language: Myanmar English

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

     ၂၀၂၅ ခုနှစ်၊ မေ ၁၅ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်၌ ယာဉ်တိုက်မှု ဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ မေ ၁၅ ရက် ည ၇ နာရီ ၅ မိနစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်၊ မိုင်းဟောင်းကျေးရွာအနီး၌ လင်းခေး-မိုင်းပန်ကားလမ်း၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ မိုင်းပန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ လင်းခေးမြို့မှ မိုင်းပန်မြို့သို့ ကယား ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ထားလဲကျေးရွာနေ ကျားရယ်(၃၀)နှစ် မောင်းနှင်ပြီး လင်းခေးမြို့၊ ဟိုနား ကျေးရွာနေ လှိုင်မင်းဦး(၁၆)နှစ် လိုက်ပါလာသည့် SHN-13/9B-XXXX NISSAN DIESEL ၁၂ ဘီး မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ မျက်နှာချင်းဆိုင်မှ ဟိုနားကျေးရွာနေ စိုင်းဆိုင်တောင်း (၁၈)နှစ် မောင်းနှင်ပြီး ကုန်းကျိုင်းကျေးရွာနေ စိုင်းဆာ(၂၅)နှစ် လိုက်ပါလာသည့် HONDA WAVE ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်တိုက်မိခဲ့သဖြင့် စိုင်းဆိုင်တောင်းတွင် ဒဏ်ရာများရရှိကာ သေဆုံး သွားခဲ့ပြီး စိုင်းဆာတွင် ဒဏ်ရာများရရှိခဲ့သဖြင့် ကျားရယ်နှင့် စိုင်းဆိုင်တောင်းတို့ နှစ်ဦးအား မိုင်းပန် မြို့မရဲစခန်း ယာဉ်(ပ)၁/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။