Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံး

        ၂၀၂၅ ခုနှစ်၊ မေ ၁၄ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ယာဉ်တိုက်မှု ဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ မေ ၁၄ ရက် ညနေ ၅ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ စက်မှုဇုန်(၅)၊ သံလွင်လမ်းပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၉)ယာဉ်ထိန်း ရဲဒုတပ်ဖွဲ့ခွဲ(ရန်ကုန်)မှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ သံလွင်လမ်းအတိုင်း တောင်မှ မြောက်သို့ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက်နေ ကောင်းမြတ်ဇော်(၂၃)နှစ် မောင်းနှင် လာသည့် YGN-14/2F-XXXX TOYOACE LIGHT TRUCK အပြာရောင်မော်တော်ယာဉ်သည် ဂန္ဓဝင် လမ်းထိပ်အကျော်အရောက် အဆိုပါလမ်းဘေး၌ လမ်းလျှောက်နေသည့် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ စက်မှုဇုန်(၅)နေ ဦးရဲမင်းထွန်း(၄၇)နှစ်အား အရှိန်မထိန်းနိုင်ဘဲ အနောက်မှ ဝင်ရောက်တိုက်မိ ခဲ့သဖြင့် ဦးရဲမင်းထွန်းမှာ ဒဏ်ရာများရရှိကာ သေဆုံးခဲ့သဖြင့် ကောင်းမြတ်ဇော် အား သောင်ကြီးနယ်မြေ ရဲစခန်း ယာဉ်(ပ)၇/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိပါသည်။

 ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။