Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ လမုတန်းရပ်ကွက်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းဝင်း အတွင်း/အပြင်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှု

     ၂၀၂၅ ခုနှစ်၊ မေ ၁၆ ရက် နံနက် ၆ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ လမုတန်းရပ်ကွက်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝင်း အတွင်း/အပြင်၌ ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအခြေအနေအား တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အတူ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆန်းသည် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ လမုတန်းရပ်ကွက်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝင်း အတွင်း/အပြင်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။