Language: Myanmar English

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့၊ နွယ်ဝတီခန်းမ၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပ

      ၂၀၂၅ ခုနှစ်၊ မေ ၁၅ ရက် နေ့လည် ၂ နာရီတွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့၊ နွယ်ဝတီခန်းမ၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ယာယီနေရပ်စွန့်ခွာပြည်သူများ စုစုပေါင်း ၁၂၆ ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
    အဆိုပါအခမ်းအနားတွင် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ယာယီနေရပ်စွန့်ခွာ ပြည်သူ ၉၀ ဦးတို့ကို တစ်ဦးလျှင် ၄၀,၀၀ဝိ/- နှုန်းဖြင့် ထောက်ပံ့ငွေစုစုပေါင်း ၃,၆၀၀,၀၀ဝိ/-အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့၊ နွယ်ဝတီခန်းမ၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကျင်းပမှု မှတ်တမ်းဓာတ်ပုံ။