Language: Myanmar English

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၌ သုံးလုံးထီလောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မေ ၁၆ ရက်က သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
    ဖြစ်စဉ်မှာ‌ မေ ၁၆ ရက် နံနက် ၄ နာရီ ၁၅ မိနစ်တွင် ထားဝယ်မြို့၊ ထိန်သစ်ရပ်ကွက်နေ တိုက်လွင် (၅၆)နှစ်၏ နေအိမ်၌ သုံးလုံးထီလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ထားဝယ် ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ရာ တိုက်လွင်အား ၎င်း၏ နေအိမ်အတွင်းမှ သုံးလုံးထီလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဘောက်ချာစာအုပ်နှင့် ဆက်စပ် ပစ္စည်းများ၊ Laptop တစ်လုံး၊ ပရင်တာ တစ်လုံး၊ ငွေရေစက် တစ်လုံး၊ လက်ကိုင်ဖုန်း တစ်လုံး၊ ငွေစက္ကူ ရောရာကျပ် ၁၅,၈ သိန်းတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် တိုက်လွင်အား ထားဝယ်မြို့မရဲစခန်း (ပ)၄၅/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၌ သုံးလုံးထီလောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူမှုမှ မှတ်တမ်းဓာတ်ပုံ။