ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မေ ၁၆ ရက်တွင် သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသမီး တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၆ ရက် နံနက် ၁၁ နာရီတွင် တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း (ခ)ရပ်ကွက်နေ ပွင့်သဇင်ကျော် (၂၇)နှစ်၏ နေအိမ်၌ သုံးလုံးထီလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ တာချီလိတ် ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့ရာ ပွင့်သဇင်ကျော်အား ၎င်း၏နေအိမ်ရှေ့ထိုင်ခုံပေါ်၌ သုံးလုံးထီလောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ပွင့်သဇင်ကျော် အား တာချီလိတ်မြို့မရဲစခန်း(ပ)၁၀၁/၂၀၂၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၈(က)ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၌ သုံးလုံးထီလောင်းကစားပြုလုပ်သူ အမျိုးသမီး တစ်ဦးအား ဖမ်းဆီးအရေးယူမှုမှ မှတ်တမ်းဓာတ်ပုံ။