ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မေ ၁၆ ရက်က နှစ်လုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၆ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် စမ်းချောင်းမြို့နယ် မြေနီကုန်း တောင်ရပ်ကွက်၊ မြေနီကုန်းဓမ္မာရုံရှေ့လမ်းဘေးရှိ တင်ဌေး(၅၈)နှစ်၏ ပျံကျကုန်စုံဆိုင်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ စမ်းချောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများ နှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ တင်ဌေးအား အဆိုပါဆိုင်အတွင်း နှစ်လုံးထီ လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိ ခဲ့သဖြင့် တင်ဌေးအား စမ်းချောင်းမြို့မရဲစခန်း(ပ)၁၅၈/၂၀၂၅၊ လောင်းကစားဥပဒေ ပုဒ်မ ၁၈(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၌ နှစ်လုံးထီလောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူမှုမှ မှတ်တမ်းဓာတ်ပုံ။