ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မေ ၁၅ ရက်တွင် လမ်းဖြတ်ကူးသူအား မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိ၍ လမ်းဖြတ်ကူးသူ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၅ ရက် မွန်းလွဲ ၁ နာရီတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဧရာဝဏ် လမ်းပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ အမှတ်(၂၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဧရာဝဏ်လမ်းအတိုင်း အနောက်ဘက်မှအရှေ့ဘက်သို့ ထန်းတပင် မြို့နယ်၊ ရိုးကြီးကျေးရွာနေ စန်းထူးဇော်(၂၁)နှစ် မောင်းနှင်လာသည့် YGN-8 6Q-xxxx SUZUKI CARRY ယာဉ်သည် “၆၅” ကားမှတ်တိုင်အနီးအရောက်၌ လမ်းဖြတ်ကူးသူ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၆၃) ရပ်ကွက်နေ ထွန်းလှိုင်ဝင်း(၄၄)နှစ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် ထွန်းလှိုင်ဝင်းတွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သဖြင့် စန်းထူးဇော်အား ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းယာဉ်(ပ) ၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ လမ်းဖြတ်ကူးသူအား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သည့် မော်တော်ယာဉ်၏ မှတ်တမ်းဓာတ်ပုံ။