စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မေ ၁၆ ရက်က သုံးလုံးထီလောင်း ကစား ပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၆ ရက် မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင် ကလေးမြို့၊ ညောင်ပင်သာရပ်ကွက် ဘုရားသုံးဆူလမ်းနေ ဝင်းညွန့်(၆၁)နှစ်၏နေအိမ်၌ သုံးလုံးထီလောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ ကလေးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ရာ ဝင်းညွန့်အား ၎င်း၏နေအိမ်အောက်ထပ်၌ သုံးလုံးထီလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဝင်းညွန့်အား ကလေး မြို့မရဲစခန်း(ပ)၇၃/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၌ သုံးလုံးထီလောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူမှုမှ မှတ်တမ်းဓာတ်ပုံ။