Language: Myanmar English

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၌ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက် ဒဏ်ရာရရှိ

    လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
    ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ မေ ၁၃ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ လက်ဖက်အင်းကြီးကျေးရွာနေ မောင်အောင်နေလင်း(ခ)မိုက်ကယ် (၁၆)နှစ်သည် ကျေးရွာအနီး တောင်ကုန်းပါ်ရှိ “ခရစ်ယာန်” ဘုရားရှိခိုးကျောင်း ဝရန်တာ၌ ရှိနေစဉ် အကြမ်းဖက်သမားများ ပစ်ခတ်ခဲ့သည့် လက်နက်ကြီး၊ လက်နက်ငယ်သံများ ကြားရသဖြင့် ပုန်းခိုရန် ပြုလုပ်စဉ် ၎င်း၏ဆီးခုံသို့ လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာတစ်ချက် ရရှိခဲ့သဖြင့် လိပ်သိုတိုက်နယ် ဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ 
    ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာ များအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ လက်နက် ငယ်များ၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်း မရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်း များကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။