ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မေ ၁၆ ရက်က ယာဉ်တိုက်မှု ဖြစ်ပွား၍ အမျိုးသား သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၆ ရက် ည ၁၀ နာရီ ၅၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တို မြို့နယ်၊ ဆိပ်ကြီးခနောင်တိုရပ်ကွက်၊ ခနောင်တိုတံတားအဆင်းတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဆိပ်ကြီးခနောင်တိုမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အောင်မင်္ဂလာ လမ်းအတိုင်း ခနောင်တိုအနောက်ရပ်ကွက်မှ ဦးထွန်းအိုရပ်ကွက်သို့ ခနောင်တို အရှေ့ ရပ်ကွက်နေ ဇော်ထိုက်အောင်(၂၆)နှစ်မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ အောင်ဖြိုးကျော်(၂၇)နှစ်နှင့် ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်နေ ထွန်းထွန်းဝင်း(၃၄)နှစ်တို့လိုက်ပါလာသော ဘေးတွဲဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင် ဘက်မှ ခနောင်တိုရပ်ကွက်နေ ခင်ဇော်ဦး(၃၁)နှစ်မောင်းနှင်လာသော ဘေးတွဲဆိုင်ကယ်တို့မှာ လမ်းလယ်၌ တိုက်မိခဲ့ပြီး ခင်ဇော်ဦး၊ ဇော်ထိုက်အောင်နှင့် ထွန်းထွန်းဝင်းတို့တွင် ဒဏ်ရာများအသီးသီး ရရှိခဲ့သဖြင့် ခင်ဇော်ဦးနှင့် ဇော်ထိုက်အောင်တို့ နှစ်ဦးအား ဆိပ်ကြီးခနောင်တိုမြို့မရဲစခန်း ယာဉ်(ပ) ၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/ ၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား သုံးဦး ဒဏ်ရာရရှိမှုမှ မှတ်တမ်းဓာတ်ပုံ။