ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မေ ၁၇ ရက်က ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံးပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီး လေးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၇ ရက် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အနော်ရထာလမ်းပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ အမှတ်(၆၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလမ်းအတိုင်း ရွှေပြည်သာ မြို့နယ်၊ (၁၈)ရပ်ကွက်နေ ကျော်ရဲလှိုင်(၃၀)နှစ်မောင်းနှင်လာသော BGO-1 9K-xxxx TOYOTA HILUX VIGO ယာဉ်သည် ရွှေရင်အေးကျောင်းလမ်းထိပ်အလွန်အရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် စက်ဘီးစီးနင်းလာသည့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (၁၇)ရပ်ကွက်နေ ဦးသန်းဦး(၅၆)နှစ်အား ဝင်တိုက်မိပြီး လမ်းဘေးတွင်ရပ်တန့်ထားသော သန့်ဇင်လင်းမောင်းနှင်ပြီး အထည်ချုပ်စက်ရုံဝန်ထမ်းများ ဖြစ်သော လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (၁၇)ရပ်ကွက်နေ မဖြူသဇင်သင်း(၂၃)နှစ်၊ (၂၀) ရပ်ကွက် နေသူများဖြစ်သည့် မသင်းသင်းနွယ်(၂၇)နှစ်၊ မအိသဉ္ဇာ(၂၀)နှစ်၊ မသက်မွန်အေး(၂၂)နှစ်နှင့် မနေခြည်နွေး (၂၀)နှစ်တို့ လိုက်ပါလာသော YGN-11 4E-xxxx KIA BONGO II ယာဉ်အား ဝင်တိုက်မိခဲ့သဖြင့် မဖြူသဇင်သင်း တွင် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး ဦးသန်းဦး၊ မသင်းသင်းနွယ်၊ မအိသဉ္ဇာ၊ မသက်မွန်အေးနှင့် မနေခြည်နွေးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ကျော်ရဲလှိုင် အား သောင်ကြီးနယ်မြေရဲစခန်း ယာဉ်(ပ)၈/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံးပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီး လေးဦး ဒဏ်ရာရရှိမှုမှ မှတ်တမ်းဓာတ်ပုံ။