၂၀၂၅ ခုနှစ်၊ မေ ၁၆ ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ နှစ်လုံး/ သုံးလုံးထီလောင်းကစား ပြုလုပ်သူ အမျိုးသားတစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၆ ရက် မွန်းလွဲ ၂ နာရီတွင် ဘားအံမြို့နယ်၊ ဘားကပ်ကျေးရွာ၊ အမှတ်(၆) ရပ်ကွက်အတွင်း လောင်းကစားပြုလုပ်နေကြောင်းသတင်းအရ ကရင်ပြည်နယ်၊ ဘားအံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားကပ်ကျေးရွာနေ စောဝင်းဖြိုး(၄၁)နှစ်အား နေအိမ်အရှေ့ခန်းရှိ စားပွဲပေါ်တွင် နှစ်လုံး/သုံးလုံးထီ လောင်းကစားရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ ၈ သိန်းကျပ်တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် စောဝင်းဖြိုးအား မြိုင်ကလေးနယ်မြေရဲစခန်း (ပ)၁၁/၂၀၂၅ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/ ၁၉(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ နှစ်လုံး/ သုံးလုံးထီလောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။