Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ပရီမီယံဒီဇယ်ဆီများ တရားမဝင်သယ်ဆောင်လာသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ

    မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မေ ၁၇ ရက်က ပရီမီယံဒီဇယ်ဆီများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသားတစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
    ဖြစ်စဉ်မှာ မေ ၁၆ ရက် မွန်းလွဲ ၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ အမရပူရ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာရှိ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက် နေစဉ် မန္တလေးမှ စစ်ကိုင်းမြို့သို့ ရွှေဘိုမြို့၊ (၃)ရပ်ကွက်နေ ဟိန်းထက်မောင်းနှင်လာသည့် SGG-36 6B/xxxx MITSUBISHI CANTER ၆ ဘီးယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် တရားမဝင် တင်ဆောင်လာသည့် ပရီမီယံဒီဇယ်ဆီ ၄၃၀ ဂါလံခန့်အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဟိန်းထက် အား အမရပူရမြို့မရဲစခန်း (ပ)၁၄၂/ ၂၀၂၅၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။


 မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ပရီမီယံဒီဇယ်ဆီများ တရားမဝင်သယ်ဆောင်လာသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။