Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် ငွေကျပ်သိန်း ၁,၃၈၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

      ၂၀၂၅ ခုနှစ်၊ မေ ၁၅ ရက် မွန်းလွဲ ၃ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၄) ရပ်ကွက်တွင် လမ်းလျှောက်လာသူ မောင်လှဝင်း၊ မောင်မြသန်းနှင့် ညိမ်းကို တို့အား စစ်ဆေးရှာဖွေရာ ၎င်းတို့ ၃ ဦးထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၃,၈၀၀ ပြား(တစ်ပြားလျှင် ၁၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသ တန်ဘိုး ငွေကျပ်သိန်း ၁,၃၈၀) သိမ်းဆည်းရမိသဖြင့် မောင်လှဝင်း(၃၈)နှစ်၊ မောင်မြသန်း(၃၇)နှစ်နှင့် ညိမ်းကို(၂၅)နှစ်တို့အား  မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
 

ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများ နှင့်အတူ တွေ့ရစဉ်။