၂၀၂၅ ခုနှစ်၊ မေ ၁၇ ရက်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ တရားမဝင် သယ်ဆောင်လာသည့် ဒီဇယ်ဆီများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၇ ရက် မွန်းတည့် ၁၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာ၊ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ အမရပူရမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးမှ စစ်ကိုင်းသို့ ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်နေ ဦးသင်း(၄၆)နှစ် မောင်းနှင်လာသည့် SGG-36/ 3B-XXXX MITSUBISHI CANTER ခြောက်ဘီး အနီရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် တရားမဝင် တင်ဆောင်လာသည့် ဒီဇယ်ဆီ ၈၆၀ ဂါလန်အား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဦးသင်းအား အမရပူရမြို့မရဲစခန်း (ပ)၁၄၄/၂၀၂၅၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ တရားမဝင် သယ်ဆောင်လာသည့်
ဒီဇယ်ဆီများ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။