၂၀၂၅ ခုနှစ်၊ မေ ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၈ ရက် နံနက် ၅ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ လှည်းကူး-ဖောင်ကြီးသွားကားလမ်း စခန်းကြီးကျေးရွာအဝင်ဝ၌ လှည်းကူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ဖောင်ကြီးမှ လှည်းကူးသို့ စာဘူးတောင်းကျေးရွာနေ ကောင်းထွဋ်(၃၅)နှစ် မောင်းနှင်လာသော YGN-1/1E-XXXX HONDA FIT အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိသဖြင့် ကောင်းထွဋ်အား လှည်းကူးမြို့မရဲစခန်း (ပ)၈၆/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး
ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။