Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဆိုင်များအား သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ၂၀၂၅ ခုနှစ်၊ မေ ၁၉ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဆိုင်များဖြစ်သော “အားမာန်သစ်” အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်နှင့် “မြတ်ရွှေရည်” အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ဈေးကစားရန် သိုလှောင်ထားမှုမရှိစေရေး၊ ရောင်းချမှုမရှိဘဲ ကြာရှည်သိုလှောင်ထားခြင်းများ မရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးတို့အတွက် မြေပြင်ကွင်းဆင်းစစ်ဆေးကြပ်မတ်ရေးအဖွဲ့ခေါင်းဆောင်ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံး
ပစ္စည်းဆိုင်များအား သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။