Language: Myanmar English

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ ငွေကျပ် ၁၂၆ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ မေ ၁၇ ရက် မွန်းလွဲ ၃ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဝမ်လုံကျေးရွာ အုပ်စု၊ လွယ်စတုံ(အောက်)ကျေးရွာနေ တူးတူး(ခ)အားတူး၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၈,၀၀၀ ပြား(တစ်ပြားလျှင် ငွေ ၇၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် ၁၂၆ သိန်း)သိမ်းဆည်းရမိသဖြင့် တူးတူး(ခ)အားတူး(၄၂)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေး ယူထားကြောင်း သတင်းရရှိပါသည်။

ပြစ်မှုကျူးလွန်သူအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။