Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၌ ငွေကျပ် ၁၃၅ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ မေ ၁၈ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ နှင်းဆီလမ်းနေ တင်အောင်မြင့်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ အိုက်စ်(မက်သ်အဖက်တမင်း) ၀ ဒသမ ၀၆ ကီလို(တစ်ကီလိုလျှင် ငွေကျပ် သိန်း ၂၅၀ နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် ၁၅ သိန်း)နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၂,၀၀၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၁,၀၀၀ နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၁၂၀)တို့အား သိမ်းဆည်းရမိသဖြင့် တင်အောင်မြင့်(၅၁)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ပြစ်မှုကျူးလွန်သူအား သိမ်းဆည်းရမိသည့် စိတ်ပြောင်းဆေးဝါးများနှင့်အတူ တွေ့ရစဉ်။