၂၀၂၅ ခုနှစ်၊ မေ ၂၀ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ဝန်ထမ်းသားသမီး ကျောင်းသား/ သူများအား ပညာသင်ကြေးထောက်ပံ့ခြင်းနှင့် ဝန်ထမ်းများအား ကြက်ဥအာဟာရထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားအား ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးဝင်း ဦးဆောင်၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဝန်ထမ်းသားသမီး ၂၄ ဦးတို့ဖြင့် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝန်ထမ်း သားသမီး ကျောင်းသား/သူများအား ပညာသင်ကြေးထောက်ပံ့ခြင်းနှင့် ဝန်ထမ်းများအား ကြက်ဥ အာဟာရထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။