၂၀၂၅ ခုနှစ်၊ မေ ၂၀ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(င)ရပ်ကွက်၊ သုဓမ္မာလမ်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (အောက်မြန်မာပြည်ရုံး)၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ် ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ခိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ခေတ္တဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာ/ မများ၊ သင်တန်းသား/သူများ စုစုပေါင်း ၄၅ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။