၂၀၂၅ ခုနှစ်၊ မေ ၂၀ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၂၀ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ကန်မြောက်ရပ်ကွက်နေ ဇေယျာဝင်း(၄၈)နှစ်နေအိမ်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းအား ၎င်းနေအိမ်၌ နှစ်လုံးထီ လောင်းကစားရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဇေယျာဝင်း အား မင်္ဂလာတောင်ညွန့် မြို့မရဲစခန်း (ပ)၃၅၉/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။