၂၀၂၅ ခုနှစ်၊ မေ ၂၀ ရက်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဒီဇယ်ဆီများ တရားမဝင်သယ်ဆောင်လာသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၂၀ ရက် ညနေ ၄ နာရီတွင် အမရပူရမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရတနာပုံတံတားစစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးမြို့မှ စစ်ကိုင်းမြို့သို့ ပြည်ကြီးတံခွန် မြို့နယ်၊ (ဆ)ရပ်ကွက်နေ သန့်ဇင်ထွန်း(၃၇)နှစ် မောင်းနှင်လာသည့် MDY-17/5E-XXXX NISSAN ခြောက်ဘီး မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ပီပါ ၂၅ လုံးဖြင့် ထည့်လျက် ဒီဇယ် ၁,၀၇၅ ဂါလန်ခန့်အား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် သန့်ဇင်ထွန်း အား အမရပူရမြို့မရဲစခန်း (ပ)၁၄၇/၂၀၂၅၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။