Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ၂၂ ဘီး မော်တော်ယာဉ်မှ လမ်းဖြတ်ကူးသူအား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် လမ်းဖြတ်ကူးသူ အမျိုးသား တစ်ဦး သေဆုံး

     ၂၀၂၅ ခုနှစ်၊ မေ ၂၀ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ၂၂ ဘီး မော်တော်ယာဉ်မှ လမ်းဖြတ်ကူးသူအား ဝင်ရောက်တိုက်မိမှုကြောင့် လမ်းဖြတ်ကူးသူ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သိရသည်။
     ဖြစ်စဉ်မှာ မေ ၂၀ ရက် ည ၁၁ နာရီ ၅၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဘွက်ကုန်းကျေးရွာလမ်းဆုံအနီး ရန်ကုန်-ပြည်လမ်း၊ မိုင်တိုင်အမှတ် ၆၇ မိုင်နှင့် ၆၈ မိုင်ကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဥက္ကံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးရာ အဆိုပါလမ်းအတိုင်း တောင်မှ မြောက်သို့ ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့၊ ရန်ကင်းရပ်ကွက်နေ ရင်ထွေး(၃၆)နှစ် မောင်းနှင်လာသော MDY-1/7H-XXXX NISSAN DIESEL ၂၂ ဘီး အဖြူရောင်မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဖြတ်ကူးသူ  ဥက္ကံမြို့၊ ဘုရင့်နောင်ရပ်ကွက်နေ ဦးစိုးဝင်းသန်း(၅၂)နှစ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်းနှင့် ရင်ထွေး အား ဥက္ကံနယ်မြေ ရဲစခန်း ယာဉ်(ပ)၆/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ၂၂ ဘီး မော်တော်ယာဉ်မှ လမ်းဖြတ်ကူးသူအား 
ဝင်ရောက်တိုက်မိခဲ့မှုကြောင့် လမ်းဖြတ်ကူးသူ အမျိုးသား တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။