၂၀၂၅ ခုနှစ်၊ မေ ၂၁ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၌ ဆိုင်ကယ်မှ မြို့ရှောင်လမ်းပေါ်သို့ ဖြတ်သန်းမောင်းနှင်စဉ် မော်တော်ယာဉ်ဖြင့် ဝင်ရောက်တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၂၁ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ သကြားစက်မီးပွိုင့်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပျဉ်းမနားမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ သကြားစက်လမ်းအတိုင်း ပျဉ်းမနားမြို့တွင်းမှ သကြားစက်ရုံသို့ ပျဉ်းမနားမြို့နယ်၊ ဈေးကုန်းကျေးရွာနေ ညွန့်ရွှေ(၇၇)နှစ်သည် ဆိုင်ကယ်အား မောင်းနှင်လာပြီး သကြားစက်မီးပွိုင့်အရောက် ပျဉ်းမနားမြို့ရှောင်လမ်းပေါ်သို့ ဖြတ်တက်ရာ မြို့ရှောင်လမ်းအတိုင်း မောင်းနှင်လာသည့် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ကြို့ပင် ကျေးရွာနေ ကျော်မိုးလွင်(၃၂)နှစ်၏ YGN-33/7N-XXXX TOYOTA WISH အဖြူရောင်မော်တော်ယာဉ်နှင့် တိုက်မိခဲ့သဖြင့် ညွန့်ရွှေတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ညွန့်ရွှေ အား ပျဉ်းမနားမြို့မရဲစခန်း ယာဉ်(ပ)၃/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၌ ဆိုင်ကယ်မှ မြို့ရှောင်လမ်းပေါ်သို့ ဖြတ်သန်း
မောင်းနှင်စဉ် မော်တော်ယာဉ်ဖြင့် ဝင်ရောက်တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ
အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။