၂၀၂၅ ခုနှစ်၊ မေ ၂၁ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၂၁ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အုတ်စီကုန်းလမ်းဆုံအနီး၌ အမှတ်(၇၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ပုသိမ်)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ပုသိမ်-ငပုတောကားလမ်းအတိုင်း ငပုတောမြို့မှ ပုသိမ်မြို့တွင်းသို့ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ဒရယ်ချောင်းကျေးရွာနေ ကျော်ကို (၃၀)နှစ် မောင်းနှင်လာသော MDY-15/1M-XXXX HONDA INSIGHT အနက်ရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် ကျော်ကို အား ပုသိမ်နယ်မြေရဲစခန်း (ပ)၅၀/၂၀၂၅၊ ပို့ကုန် သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး
ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။